(ရန်ကုန်၊ မတ်လ ၉ ရက်၊ ၂၀၁၆ ခုနှစ်) — မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း MPT သည် ၎င်း၏လက်ရှိသုံးစွဲနေသူ ၁၉ သန်းကျော်အတွက် စိတ်လှုပ်ရှားဖွယ်ရာ အထူးပရိုမိုးရှင်း အစီအစဉ် ၂ ခုကို ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့ နံနက်၇နာရီက စတင်လိုက်ပြီဖြစ်သည်။
လက်ရှိသုံးစွဲနေသူ မိဘပြည်သူများအတွက် ၂၀၁၅ ခုနှစ်တွင် အကျော်ကြားဆုံးနှင့် လူကြိုက်အများဆုံး အောင်မြင်ခဲ့သည့် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကို နောက်တစ်ကြိမ် ပြန်လည်စတင်မည်ဖြစ်သည်။
မိနစ် ၆၀ ဆက်တိုက် ဖုန်းခေါ်ဆိုသူများသည် ပထမဆုံး ၅ မိနစ်အတွက်သာ တစ်မိနစ် ၂၃ ကျပ်နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး ကျန်ခေါ်ဆိုချိန် ၅၅ မိနစ်ကို အခမဲ့ရရှိမည်ဖြစ်သည်။ မိနစ် ၆၀ ထက်ကျော်လွန်၍ ဖုန်းခေါ်ဆိုမှုများအတွက် မူလသတ်မှတ်ဈေးနှုန်းဖြစ်သည့် တစ်မိနစ် ၂၃ ကျပ်ဖြင့် ဆက်လက်ကောက်ခံမည်ဖြစ်သည်။ ဖုန်းတစ်ကြိမ်ခေါ်ဆိုတိုင်း အခမဲ့ဖုန်းခေါ်ဆိုချိန်ကို ပထမဆုံး ၅ မိနစ်ခေါ်ဆိုပြီးမှသာ စတင်သတ်မှတ်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုတစ်ကြိမ်အတွက် အများဆုံး ၅၅ မိနစ်စာအတွက်သာ အခမဲ့ရရှိမည်ဖြစ်သည်။
MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr. Takashi Nagashima က “သုံးစွဲသူတွေအကြားမှာ လူကြိုက်များခဲ့ တဲ့ ဒီအစီအစဉ်ကိုပြန်ပြီး ထပ်မံကြိမ်ပြုလုပ်ရတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်၊ ပြီးခဲ့တဲ့နှစ်က ဒီအစီအစဉ်ကို လူတွေသဘောကျပြီး အသုံးများခဲ့တာကို သိရတဲ့အတွက် အခုလက်ရှိမှာ အသုံးပြုနေသူတွေကိုလည်း တစ်နာရီကြာတဲ့ထိ ဖုန်းပြောတာတောင်မှ ၁၁၅ ကျပ်ပဲ ကျသင့်မယ့် ဒီအခွင့်အရေးကိုထပ်ပေးချင်ပါတယ်” ဟု ပြောသည်။
ဤအထူးအစီအစဉ်သည် MPT GSM/WCDMA ဆွေသဟာအစီအစဉ်အသုံးပြုသူတိုင်းအတွက် အလိုအလျောက် အကျုံးဝင်မည်ဖြစ်ပြီး မည်သည့် လျှောက်ထားမှုမျှပြုလုပ်ရန်မလိုပါ။ အခြေခံဖုန်းခေါ်ဆိုစနစ်ကို အသုံးပြုသူများအနေဖြင့် ဤအစီအစဉ်ကိုအသုံးပြုလိုပါက 1332 သို့ “SWE” ဟု အခမဲ့စာတိုပေးပို့ကာ လျှောက်ထားရယူနိုင်ပြီး (postpaid အသုံးပြုသူများအတွက်မူ “POSTSWE” ဟုပေးပို့ရန်ဖြစ်သည်)။ ဤအစီအစဉ်ကို ၂၀၁၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်သည်။
ဤ အထူးအစီအစဉ်ဖြင့် (လိုင်းဖုန်းများအပါအဝင်) MPT နံပါတ်အချင်းချင်းသာခေါ်ဆိုနိုင်မည်ဖြစ်ပြီး pre-paid နှင့် post-paid နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်သည်။ ဤအစီအစဉ်အတွက် ၅၅မိနစ်စာ အခမဲ့ ဖုန်းခေါ်ဆိုမှုကို ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်းကလွဲ၍ နေ့တစ်နေ့၏ ကျန်အချိန်များအတွင်းတွင် ခေါ်ဆိုနိုင်သည်။ ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း ဖုန်းခေါ်ဆိုပါက မူလသတ်မှတ်ဈေးနှုန်းဖြစ်သည့် တစ်မိနစ်၂၃ ကျပ်ဖြင့် ကောက်ခံမည်ဖြစ်သည်။ အခမဲ့ စကားပြောဆိုချိန်များ အတွက် တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက်ကန့်သတ်ထားခြင်းမရှိဘဲ သုံးစွဲသူစိတ်ကြိုက် ဖုန်းခေါ်ဆိုမှုများစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။
လက်ရှိတွင် MPT မှ သုံးစွဲသူ ၁၉ သန်းကျော်ရရှိနေပြီဖြစ်ပြီး အများစုမှာ ဆွေသဟာအစီအစဉ်ကို သုံးစွဲနေကြသူများ ဖြစ်သည်။ ဤ “နာရီတိုင်းမှာ ၅ မိနစ်စာ”အစီအစဉ်ကြောင့် သုံးစွဲသူများသည် တစ်မိနစ် ၂၃ ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ဖုန်းခေါ်ဆိုနိုင်ပြီး အသံကြည်လင်မှုနှင့် အင်တာနက်သုံးစွဲမှုမြန်ဆန်ရာတွင်လည်း အကောင်းဆုံး 3G ဝန်ဆောင်မှုကို ရရှိနိုင်မည် ဖြစ်သည်။
လက်ရှိသုံးစွဲနေသူများအတွက် ဖုန်းခေါ်ဆိုမှုဈေးနှုန်းသက်သာစေရန်ပြုလုပ်ပေးရုံမျှမကဘဲ MPT သည် MPT SIM ကတ် အသစ်စတင် သုံးစွဲမည့်သူများအတွက်ပါ “Welcome Offer” ကိုပြုလုပ်ပေးရင်း ဝန်ဆောင်ပေးမည်ဖြစ်သည်။
Welcome offer တွင် ဖုန်းကတ်စတင်အသုံးပြုချိန်တွင်ရရှိမည့် အပိုဆောင်းငွေ၊ ပထမဆုံးငွေဖြည့်သည့်အချိန်တွင် ရရှိမည့်အပိုဆောင်းငွေနှင့် ထပ်ဆင့်အပိုဆောင်းငွေများပါဝင်မည်ဖြစ်သည်။
MPT SIM ကတ်အသစ်တစ်ခုကို စတင်အသုံးပြုချိန်တွင် ဖုန်းကတ်သစ်အသုံးပြုမှုအတွက် အပိုဆောင်းငွေ ၅၀၀ ကိုရရှိမည် ဖြစ်ပြီး ထိုလက်ကျန်ငွေဖြင့် မည်သည့်ဝန်ဆောင်မှုကိုမဆို အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူတစ်ဦးသည် ဖုန်းငွေဖြည့်ကတ်ဖြင့် လက်ကျန်ငွေဖြည့်သွင်းပါက ပထမဆုံးငွေဖြည့်ချိန်တွင် ထည့်သွင်းသည့် ပမာပေါ်မူတည်ပြီး ပေးမည့် အပိုဆောင်းငွေပေးမည်ဖြစ်ပြီး တစ်လတကြိမ် လက်ကျန်ငွေဖြည့်သွင်းပါက အပိုဆောင်းငွေကို ၄လ ဆက်တိုက်ရရှိမည် ဖြစ်သည့်အတွက် ဈေးသက်သာစွာဖုန်းခေါ်ဆိုအသုံးပြုနိုင်မည်ဖြစ်သည်။
ဤအထူးအစီအစဉ်သည် မတ်လ ၁၁ ရက်နောက်ပိုင်း SIM ကတ်ကိုအသစ်စတင်သုံးစွဲသူများသာ ရရှိခံစားနိုင်မည် ဖြစ်သည်။ Welcome Offer ကို ခံစားနိုင်ရန် အသုံးပြုသူတစ်ဦးသည် နံပါတ်အသစ်စတင်ချိန်မှ ရက် ၃၀ အတွင်း အနည်းဆုံး လက်ကျန်ငွေ ၁၀၀၀ ကျပ်စတင်ဖြည့်ရမည်ဖြစ်ပြီး ထိုသို့ ဖုန်းငွေဖြည့်မှသာလျှင် ပထမဆုံးငွေဖြည့်မှုအတွက် ထည့်သွင်းပေးမည့် ပထမဆုံး အကြိမ်အပိုဆောင်းငွေကိုရရှိမည်ဖြစ်သည်။
ပထမဆုံးလက်ကျန်ငွေဖြည့်ချိန်တွင် ငွေမပမာဏများလေလေ နောက်ထပ် ၄ လဆက်တိုက်ရရှိမည့်အပိုဆောင်းငွေ ပမာဏ များလေလေဖြစ်မည်ဖြစ်သည်။
အပိုဆောင်းငွေ ၄ ခုစလုံးကိုရရှိရန် သုံးစွဲသူတစ်ဦးသည် (ပထမဆုံးငွေဖြည့်ချိန်မှ ရက်ပေါင်း ၁၂၀ အတွင်း) ရက် ၃၀ တိုင်းတွင်တစ်ခါ လက်ကျန်ငွေဖြည့်ရမည်ဖြစ်သည်။ ထပ်ဆင့်အပိုဆောင်းငွေများရရှိရန်အတွက်မူ မိမိအဆင်ပြေသည့် လက်ကျန်ငွေကို ဒုတိယအကြိမ်ထပ်မံဖြည့်သွင်းနိုင်သည့်အပြင် ပထမဆုံး စတင်ဖြည့်သွင်းသည့် လက်ကျန်ငွေပမာဏေ ပ်ါမူတည်ပြီး အပိုဆောင်းငွေရရှိနိုင်မည်ဖြစ်သည်။ အပိုဆောင်းငွေများအား ရက် ၃၀ အတွင်း MPT ဖုန်းအချင်းချင်းခေါ်ဆိုမှု၊ MPT ဖုန်းအချင်းချင်းစာတိုပေးပို့မှုနှင့် PayAsYouGo ဒေတာအသုံး ပြုမှုအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။
ထပ်ဆင့်အပိုဆောင်းငွေများကို စစ်ဆေးရန်အတွက် 1331 သို့ “BAL”ဟု စာတိုပေးပို့ကာ စစ်ဆေးနိုင်သည်။ လက်ကျန်ငွေ ဖြည့်သွင်းမှုကို ငွေဖြည့်ကတ်များဖြင့်ဖြစ်စေ၊ e-top up စနစ်ဖြင့် ဖြစ်စေဖြည့်သွင်းနိုင်ပြီး နံပါတ်သစ်တစ်ခုလျှင် “Welcome bonus set” တစ်ခုသာ ရရှိမည်ဖြစ်သည်။ ထိုအထူးအစီအစဉ်ကို ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့မှစတင်မည်ဖြစ်ပြီး ပြီးဆုံးမည့်အချိန်ကာလကိုမူ MPT မှ ထပ်မံကြေငြာပေးသွားမည်ဖြစ်သည်။
ပထမဆုံးငွေဖြည့်သွင်းမှုမှ ရရှိမည့်ထပ်ဆင့်အပိုဆောင်းငွေများအတွက် အသေးစိတ်ကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက အောက်ပါလင့်ခ်တွင် လေ့လာနိုင်ပါသည်။
http://www.mpt.com.mm/my/contact-us/faq/
Ref:mpt
သီဟထိုက်
www.thihahtike.com