Posted by : U Oo Cracker Saturday, July 11, 2015



မိမိ page ကို like လုပ်ဖို့ အချိန်တိုအတွင်းမှာ သူငယ်ချင်းတွေအများကြီးကို invite လုပ်နည်း


ကိုယ့်ရဲ့ page ကို like လုပ်ဖို့ invitation ပို့ရတာ ဘယ်လောက်ပျင်းဖို့ ကောင်းလဲဆိုတာ Facebook page ထောင်ထားတဲ့လူတွေ သိပါတယ်။ အခုတော့ အဲဒီဒုက္ခတွေကို သက်သာစေမယ့် အလွယ်နည်းလေးကို ဖော်ပြလိုက်ပါတယ်။
Facebook like page
၁။ အရင်ဆုံး plugin တစ်ခုတင်ရပါမယ်၊ Mozilla အသုံးပြုတဲ့သူဆိုရင်တော့ (https://addons.mozilla.org/en-us/firefox/addon/facebook-select-all/) ကို သွားပေးပါ၊
Google Chrome browser ကို အသုံးပြုတဲ့သူဆိုရင်တော့ (https://chrome.google.com/webstore/detail/facebook-invite-all-frien/lkifjigoeilijkcnpfdjbpdjgnbfibec) ကို သွားပြီးတော့ plugin ကို တင်လိုက်ပါ။ (firefox သုံးတဲ့လူဆိုရင်တော့ firefox ကို ပိတ်ပြီး ပြန်ဖွင့်ပေးရပါမယ်။)
၂။ https://www.facebook.com/myanmarwebdesigner ကို သွားလိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း See all ဆိုတာလေးကို နှိပ်ပေးပါ။01၃။ ပေါ်လာတဲ့ box ထဲကတစ်ဆင့် drop down list ကို နှိပ်ပြီးတော့ Search All Friends ကို ရွေးပေးပါ၊ ပုံမှာ ကြည့်နိုင်ပါတယ်။02၄။ search all friends ကို နှိပ်ပြီးပြီဆိုရင်၊ ဘေးဘက်က scroll bar ကို အောက်ဆုံးအထိရောက်အောင် ဆွဲချဖို့ လိုပါမယ်။ ပုံမှာ အနီနဲ့ ဝိုင်းထားတဲ့ နေရာက အောက်ဘက်ညွှန်နေတဲ့ မြှားလေးကို scroll bar အောက်ဆုံးရောက်တဲ့အထိ ဖိထားလိုက်ပါ။ (မြှားကို ဖိထားတဲ့အချိန်မှာ scroll bar အောက်ကိုရောက်တိုင်း သူငယ်ချင်းတွေ ထပ်ထွက်လာလို့ scroll bar က အပေါ်ကို ပြန်ရောက်သွားပါလိမ့်မယ်၊ ပြန်ရောက်သွားတိုင်း မြှားလေးကို ပြန်ပြန်ဖိထားပေးပါ၊ နောက်ဆုံး scroll bar က အပေါ်ပြန်မတက်တော့ဘဲ မြှားလေးရဲ့ အပေါ်မှာ ကပ်သွားပါလိမ့်မယ်။)03၅။ အခုအဆင့်ကတော့ automatic check လုပ်မယ့်အဆင့်ပဲဖြစ်ပါတယ်။ Firefox မှာဆိုရင် အောက်ကပုံမှာပြထားတဲ့ ကွန်ပျူတာရဲ့ ညာဘက်အောက် ထောင့်က အစိမ်းရောင် အမှန်ခြစ်ကလေးကို နှိပ်ပေးပါ။04Google Chrome မှာဆိုရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း ညာဘက် အပေါ်ထောင့်က အပြာရောင် icon လေးကို နှိပ်ပေးပါ။05

၆။ ဒါဆိုရင်တော့ သူငယ်ချင်းတွေကို auto လိုက် check ပေးနေပါပြီ။ ကိုယ့်အကောင့်ထဲမှာ သူငယ်ချင်းများရင် များသလို စောင့်ရပါမယ်၊ တစ်ခြားဟာ တစ်ခုခုလုပ်နေရင်းနဲ့ စောင့်ပေါ့ဗျာ၊ တစ်အောင့်လောက်ကြာတော့မှာ ပြန်လာပြီးတော့ Submit ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ မိတ်ဆွေရဲ့ သူငယ်ချင်းတွေအားလုံးကို page ကို လာ like လုပ်ဖို့ မပင်ပန်းဘဲ invite လုပ်ပြီးပါပြီ။
သင်ခန်းစာ download လုပ်နိုင်ပါသည်။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © MCMM - Blogger Templates - Powered by Blogger - Designed by Johanes Djogan -