Posted by : U Oo Cracker Friday, July 10, 2015


Professional web developer နှင့် Ubuntu: Linux for You စာအုပ်များ အခမဲ့ download ပေး


ကိုအိမောင် ရေးသားထုတ်ဝေထားတဲ့ Professional web developer နဲ့ Ubuntu: Linux for You စာအုပ်များကို စာရေးသူ ကိုယ်တိုင်က pdf version နဲ့ အခမဲ့ ဖြန့်ဝေလိုက်ပြီဖြစ်ပါတယ်။ ဒီစာအုပ်တွေဟာ ပုံနှိပ်ထုတ်ဝေတုန်းက တစ်အုပ်ကို ၆၀၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းတာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ စာရေးသူကိုယ်တိုင်က အခမဲ့ပေးလိုက်တာမို့လို့ လွပ်လပ်စွာ download ရယူနိုင်ပါတယ်။

Professional Web Developer book download



Professional web developer book
Professional web developer book

Professional Web Developer စာအုပ်ကို download လုပ်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်တွေမှာ Download လုပ်နိုင်မှာဖြစ်ပါတယ်။ ဘယ်လင့်က download လုပ်လုပ် အတူတူပဲ ဖြစ်ပါတယ်။ လင့်တစ်ခုမရရင် တစ်ခုက download လုပ်နိုင်ဖို့ပေးထားတာပါ။

Ubuntu: Linux for You book download



Ubuntu linux for you book
Ubuntu: Linux for You book

Ubuntu: Linux for You စာအုပ်ကို download လုပ်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်တွေမှာ Download လုပ်နိုင်ပါတယ်။
အခက်အခဲကြားက စာဖတ်သူတွေ အသိပညာတိုးတက်စေလိုတဲ့ စိတ်နဲ့ အခမဲ့ပေးတာဖြစ်ပြီး။ အမြတ်အစွန်းများများ ရရှိခဲ့လို့ အခမဲ့ဝေတာမဟုတ်တဲ့အကြောင်းကိုလည်း ဒီ Facebook post တစ်ခုမှာ ရေးထားတာကို တွေ့ရမှာပါ။ Unicode မဖတ်နိုင်တဲ့သူများအတွက် အောက်မှာပဲ Zawgyi version နဲ့ ကူးယူ ဖော်ပြလိုက်ပါတယ်။
စာရေးတယ်ဆိုတာ မလွယ်ပါဘူး။ အချိန်တွေငွေတွေ ပေးဆပ်ရင်းနှီးရပါတယ်။ ကျွန်တော်ရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ Book: Professional Web Developer ကို ရေးသားတာ အချိန် (၅)လ ကြာပါတယ်။ အဲ့ဒီစာအုပ်ကို ရေးသားတာ ရောင်းစားပြီး မြတ်ချင်လို့မဟုတ်ပါဘူး။ ကိုယ်မှာရှိထားတဲ့ အသိပညာဗဟုသုတကို နောင်လေ့လာသူတွေ အကျိုးရှိစေဖို့ ဝေမျှမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဖြစ်အောက်လုပ်ခဲ့တာပါ။
နည်းပညာစာအုပ်ဆိုတာ၊ လူတိုင်းဖတ်တာ မဟုတ်ပါဘူး။ နည်းပညာသမားမှသာ ဖတ်တာပါ။ နည်းပညာသမား ဆိုတာလည်း လက်တစ်ဆုတ်စာမို့၊ နည်းပညာစာအုပ်ကနေ မျိုးမျိုးမြတ်မြတ် မရနိုင်ဘူးဆိုတာ တွေးကြည့်ယုံနဲ့ သိနိုင်ပါတယ်။
မမြတ်ယုံသာမက အိပ်ထဲကပါ စိုက်ရပါသေးတယ်။ စာအုပ်ထုတ်ဝေသူတွေက နည်းပညာစာအုပ်ဆို (မြတ်နိုင်ခြေ နည်းတဲ့အတွက်) စိတ်မဝင်စားကြပါဘူး။ လူမသိသေးတဲ့ စာရေးသူဆိုတော့ ပိုဆိုးတာပေါ့။ ဒီတော့၊ ပထမအကြိမ်ကို ကိုယ်ပိုက်ဆံနဲ့ကိုယ် ရင်းပြီးထုတ်ရပါတယ်။ ကိုမြတ်သွင် (Ko Mayor) ရဲ့အကူအညီနဲ့ ကုန်ကျစရိတ်ကို တက်နိုင်သမျှ လျှော့လို့ရသလောက် လျှော့ပြီး ထုတ်ခဲ့တာတောင် စုစုပေါင်း ငွေကျပ် သိန်း (၃၀)လောက် ရင်းလိုက်ရပါတယ်။
စာအုပ်ထွက်လာတော့လဲ ရောင်းဈေး (၆၀၀၀) ဆိုပြီးရောင်းတဲ့နေရာမှာ၊ ဖြန်ချီရေးသမားကို ကော်မရှင် ပေးရပါသေးတယ်။ စာအုပ်ဆိုင်ကို ကော်မရှင်ပေးရပါသေးတယ်။ စာရေးသူ ကျွန်တော်က တစ်အုပ်ကို (၄၅၀၀) ပဲ ရပါတယ်။ အုပ်ရေ (၁၀၀၀) ထုတ်တဲ့အတွက် (၄၅) သိန်းရမှာဖြစ်လို့ မြတ်သားပဲလို့ တွေးနိုင်ပါတယ်။ လက်ဆောင်ပေး၊ ကျောင်းသားတွေကို သင်တန်းမှာပေးနဲ့ လက်တွေ့မှာ တစ်ကယ်ရောင်းဖြစ်တဲ့ အုပ်ရေက (၆၀၀) လောက်သာ ရှိပါတယ်။ ဒါလည်း (၂၇) သိန်းလောက်တော့ ကျန်လို့ အရင်းနီးနီး ပြန်ရသေးတာပဲလို့ တွေးနိုင်ပါတယ်။
မရပါဘူး။ ပထမအကြိမ်ရောင်းကုန်လို့ ဒုတိယအကြိမ်ထွက်ပြီး၊ တတိယအကြိမ်တောင် ထွက်ပါတော့မယ်၊ ဖြန်ချီရေး သမားဆီက စာအုပ်ဖိုးအကြွေးကျန်တွေ ခုထိမရသေးပါဘူး။ အကြွေးမပေးယုံမက၊ သောက်ဂရုမစိုက်ဘူးဆိုတဲ့ သဘောနဲ့ မသိချင်ယောင်ပါ ဆောင်နေပါတယ်။ ကိုယ်မှာ အိပ်စိုက်ထားရလို့ ကိုယ်ရသင့်တာလေးတော့ လိုချင်တာပေါ့။ အမှန်ဆို အခက်အခဲရှိလို့ မပေးနိုင်လဲ ညှိနှိုင်းဖို့ကောင်းတယ်။ အခုတော့ ဖုန်းဆက်လဲမကိုင်၊ နှစ်ပေါက်အောင် ရက်ရွှေ့ပေးလဲ မရပါဘူး။
တစ်ချိန်ကကိုယ့်မိတ်ဆွေပဲမို့ အားနာနာနဲ့ လျှော့ပေးလာတာ၊ အခုတော့ တရားလွန်သွားပြီမို့ လုပ်သင့်တာ လုပ်ရတော့မယ်။ အမှန်ဆို ကိုယ်အလုပ်နဲ့ကိုယ် မအားရတဲ့ကြားတဲ့ ငွေလေးငါးသိန်းအတွက် မိတ်ပျက်မခံချင်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာမြတ်စွန်းနေတာလဲမဟုတ်၊ ချမ်းသာနေတာလဲ မဟုတ်ဆိုတော့ အကြောင်းမဲ့ အနစ်နာမခံနိုင်တော့ဘူး။ စာရွက်စာတမ်း အစုံရှိပေမယ့် ရုံးတွေဘာတွေ သွားမနေပါဘူး။ ဒီလူတွေ နောင်အဲလိုလုပ်လို့မရအောင် ကိုယ်သိတဲ့ ဂျာနယ်သမားတစ်ချို့ဖိတ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ စိတ်ကူးထားပါတယ်။
ဒုတိယအကြိမ်ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက တာဝန်ယူထုတ်ပေးလို့ တော်သေးတယ်။ အကျိုးအမြတ် ဒီလောက်မရှိလှပေမယ့်၊ စာအုပ်ရယ်လို့ဖြစ်လာဖို့ အိပ်စိုက်စရာတော့မလိုတော့ဘူး။ အခုလို ငွေရေးကြေးရေးကိစ္စ စာရေးသူမှာ နစ်နာစရာ မလိုတော့ဘူး။
အခုဆိုရင် Professional Web Developer ရော Book: Ubuntu for You ကိုပါ Ebook အနေနဲ့ ထုတ်ဖို့စီစဉ်နေပါပြီ။ Ebook ဆိုတာက ပုံနှိပ်စာအုပ်လို ကုန်ကျစရိတ်မများဘူးလေ။ နဂိုကတည်းက မြတ်ချင်လို့ လုပ်တာမဟုတ်တဲ့အတွက် Ebook တွေကို ရောင်းမနေတော့ပဲ အခမဲ့ပဲ ပေးလိုက်တော့မယ်လို့ စိတ်ကူးထားပါတယ်။
အမှန်ဆို မများတဲ့ဈေးနှုန်း (၁) ထောင် (၂) ထောင်လောက်နဲ့တော့ ရောင်းချင်သေးတာ။ ပိုက်ဆံလိုချင်လို့ မဟုတ်ဘူး၊ စာဖတ်သူက အလကားရလို့ Download လုပ်လိုက်တယ် ဆိုတာမျိုး မဟုတ်ပဲ၊ တစ်ကူးတက ဝယ်ဖတ်တယ် ဆိုတဲ့ Commitment ကို လိုချင်လို့ပါ။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း Payment Method ကောင်းကောင်းမရှိတဲ့ ဒီနိုင်ငံမှာ၊ စာဖတ်သူက ဝယ်ချင်ပေမယ့် ဝယ်မရဘူးဆိုတာမျိုး ဖြစ်မှာကို စိတ်ပူတဲ့အတွက် အခမဲ့ပဲ ပေးပါတော့မယ်။
Phone Bill ကနေ ဝယ်လို့ရတဲ့ Wun Zinn နဲ့တော့ ပြောဖြစ်သေးတယ်။ ဒါပေမယ့် သူတို့ပြောမှ ကိုယ်လဲသိရတာ။ မြန်မာ့ဆက်သွယ်ရေးက ကော်မရှင်ကို ၅၀% တောင်ယူသတဲ့။ ကျွန်တော်တို့အဖြစ်က နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဆိုသလိုပဲ၊ ကိုယ်သာမမြတ်တာ၊ ကြားထဲက ဝိုက်မယ့်သူတွေက အဆင်သင့်။ ဒီတော့ သူတို့ကိုတော့ လုပ်ကြွေးမနေတော့ဘူး၊ အခမဲ့ပဲ ပေးလိုက်တောမယ်။
ရက်ပိုင်းအတွင်း ထွက်တော့မှာမို့ စောင့်မျှော်အားပေးကြပါဦးလို့။ ကျွန်တော့်မှာ အခက်အခဲအမျိုးမျိုးကြားထဲက စာဖတ်သူရဲ့ အားပေးသံနဲ့ အသက်ဆက်နေရတာပါ။
ကျေးဇူးတင်ပါတယ်…

>>>> ပြန်လည်ဝေမျှခြင်းသာ <<<

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © MCMM - Blogger Templates - Powered by Blogger - Designed by Johanes Djogan -