Posted by : U Oo Cracker Monday, February 29, 2016




ပြီးခဲ့သည့် ရက်သတ္တပတ်က Apple အနေဖြင့် မတ်လတွင် မိတ်ဆက်ဖွယ်ရှိသည့် မျက်နှာပြင် ၄ လက်မအရွယ် “iPhone SE” ၏ ဖြစ်နိုင်ဖွယ်ရာ ဒီဇိုင်းများကို သတင်းရင်းမြစ် အသီးသီးက ဖော်ပြခဲ့သည်။ OnLeaks နှင့် 9to5Mac မှ ထုတ်ပြန်ခဲ့သော ဒီဇိုင်းနှစ်ခုမှာ iPhone 5s နှင့် အလွန်ဆင်တူသော်လည်း ကွာခြားမှု အနည်းငယ်ရှိသည်။

9to5Mac ၏ iPhone SE သည် iPhone 5s နှင့်အတူ ဆင်တူသော်လည်း OnLeaks ၏ဓာတ်ပုံတွင် အနားကွေးများ အသုံးပြုထားသောကြောင့် iPhone 6 နှင့် 5s မော်ဒယ်နှစ်မျိုး ပေါင်းစပ်ထားသည့် အသွင်ဖြစ်ပေါ်စေသည်။ iPhone SE ၏ ဖြစ်နိုင်ဖွယ်ရာ ဓာတ်ပုံနှစ်ပုံကို Martin Hajek ဝက်ဘ်ဆိုက်က from Curved Labs မှ ဖန်တီးထားသော ဓာတ်ပုံနှင့် နှိုင်းယှဉ်ပြသခဲ့ခြင်း ဖြစ်သည်။ ကောလာဟလသတင်းများအရ iPhone SE သည် iPhone 5s နှင့် အရွယ်အစား ဆင်တူသလို မျက်နှာပြင် အနည်းငယ်ကွေးသည့် display အသုံးပြုထားကြောင်း ဖော်ပြနေကြသည်။
iPhone SE ကို ထုတ်ဖော်မိတ်ဆက်မည့် အချိန်မှာ တစ်လခန့်သာ ရှိတော့သော်လည်း ၎င်းထုတ်ကုန်၏ ခိုင်လုံမှုရှိသော သတင်းပေါက်ကြားမှုများကို မြင်တွေ့ရခြင်း မရှိသေးပေ။ လတ်တလောတွင် ကောလာဟလ သတင်းများစွာ ထွက်ပေါ်နေသည့်အပြင် iPhone SE ဟုယူဆရသော ဓာတ်ပုံများကိုလည်း မြင်တွေ့ရခြင်း မရှိသေးပေ။

iPhone SE တွင် iPhone 6s ၌ အသုံးပြုထားသည့် A9 ပရိုဆက်ဆာ၊ Apple Pay ထောက်ပံ့မှုပါဝင်သော NFC ချစ်ပ်နှင့် အဆင့်မြှင့်တင်ထားသော ကင်မရာ ပါဝင်ကြောင်း သတင်းများက ဖော်ပြနေကြသည်။ Apple အနေဖြင့် မတ်လ ၂၁ ရက်တွင် ကျင်းပမည့် ပွဲ၌ iPhone SE ကို မိတ်ဆက်ဖွယ်ရှိကြောင်း ဖော်ပြနေကြသလို မျိုးဆက်သစ် ၉.၇ လက်မ iPad နှင့် Apple Watch မော်ဒယ်သစ်များလည်း မိတ်ဆက်ဖွယ်ရှိသည်။
၎ လက်မအရွယ်ရှိ iPhone SE ၏တန်ဖိုးမှာ ကန်ဒေါ်လာ ၄၀၀ နှင့် ၅၀၀ ကြား ရှိမည်ဖြစ်ကြောင်း KGI လုံခြုံရေးကုမ္ပဏီမှ Apple သတင်းများကို မှန်ကန်စွာ အကဲဖြတ်ပေးနိုင်သော လေ့လာဆန်းစစ်သူ မင်ချီကူက ပြောကြားခဲ့သည်။
Ref: Macrumors
Credit Internetjournal

သီဟထိုက်

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © MCMM - Blogger Templates - Powered by Blogger - Designed by Johanes Djogan -