Posted by : U Oo Cracker Monday, February 29, 2016



Spectrum Monitoring System (SMS) ဆိုင်ရာ ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။
“အော်ပရေတာတွေ Spectrum အသုံးပြုတာနဲ့ ပတ်သက်ပြီး ဆညနအနေနဲ့  ဆောင်ရွက်ချက်တွေ အကောင်အထည် ဖော်နိုင်ဖို့ခေါ်ယူတာဖြစ်ပါတယ်” ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ တင်ဒါခေါ်ယူခြင်း အကြောင်းအရာ အသေးစိတ်၊ သတ်မှတ်ထားချက်များ၊ Spectrum Monitoring System (SMS) ဆိုင်ရာအကြောင်းအရာ အသေးစိတ်ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာန ၀က်ဘ်ဆိုက် www.mcit.gov.mm တွင် ဖော်ပြထားကြောင်း သိရသည်။
တယ်လီကွန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာငွေ ရရှိထားပြီးဖြစ်၍ ယင်းဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆောင်ရွက်ချက်ကို ခန့်မှန်းခြေအားဖြင့်  တစ်နှစ်အတွင်းအကောင်အထည် ဖော်ရမည်ဖြစ်ကြာင်း၊ Spectrum Monitoring Subsystem တွင် Control Stations နှင့် Monitoring Software များပါဝင်မည်ဖြစ် ကြောင်း၊ Fixed Monitoring Stations (FMS) ကိုရန်ကုန်နှင့် မန္တလေးအပါအ၀င် အဓိကကျ သောမြို့ကြီးများတွင်အကောင် အထည်ဖော်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားချက်တွင် ဖော်ပြထားခြင်းအရ သိရသည်။
စိတ်ပါဝင်စားသူများ အနေဖြင့် ဧပြီလ ၂၆ ရက်နောက်ဆုံးထား ၍ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ တင်ဒါဌာန၊ နေပြည်တော်သို့ အကြောင်းကြားရမည် ဖြစ်သည်ဟု သတ်မှတ်ထားသည်။

Credit MMAS 
သီဟထိုက်
www.thihahtike.com

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © MCMM - Blogger Templates - Powered by Blogger - Designed by Johanes Djogan -